Resistor
အကြောင်းတချို့ကြိုးစားပြီး တင်ပြလိုက်ပါသည်။Electrical
Field လိုက်စားသူများ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆွေးနွေးကြရအောင်ပေါ့။
Resistor
၏ အဓိက လုပ်ဆောင်ချက်မှာလျှပ်စစ်ပတ်လမ်းတစ်ခုအတွင်း စီးဆင်းနေသော လျှပ်စီးကြောင်း
Current (I)ကို အလိုရှိသလို လျှော့ချရန် ပတ်လမ်းတနေရာတွင်
အလိုရှိသော ဗို့အား Voltage (V) ကို ရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
Resistor တစ်ခုကို ထုတ်လုပ်တဲ့အခါ သတ်မှတ်ထားသော ခုခံမှုတန်ဖို့ Resistance (R) ရရှိအောင်ထုတ်လုပ်
ကြပါတယ်။ Resistor များကို ထုတ်လုပ်တဲ့အခါ စံခုခံမှု တန်ဖိုး အမျိုးမျိုး နှင့် ပါဝါခံ
နိုင်မှု သတ်မှတ်ချက် အမျိုးမျိုးကို ခွဲခြားပြီး ထုတ်လုပ်လဲ့ ရှိကြပါတယ်။
Resistor များရဲ့ ခုခံမှုတန်ဖိုးကို
Ohm (Ώ) ယူနစ် နှင့် တိုင်းတာပါတယ်။
Resistor ရဲ့ ပတ်လမ်း သင်္ကေကိုတော့ အောက်ပါ
ပုံ (1.1) အတိုင်း ပုံစံ နှစ်မျိုးဖြင့် ဖော်ပြပါတယ်။
Resistance တန်ဖိုး တို့သည် Fixed Value (ကိန်းသေတန်ဖိုး)
နှင့် ပြောင်းလဲနိုင်သောတန်ဖိုး (Adjustable Value) ဖြစ်ကြသည်။
Fixed Value ( Fixed Resistor)
Fixed Resistor ဆိုတာက တော့ resistor
တန်ဖိုးကို စက်ရုံက သတ်မှတ်ပြီးထုတ်ပေးလိုက်တာပါ။ တန်ဖိုးကို ကျွန်တော်တို့ စိတ်ကြိုက်ပြောင်းလို့မရပါဘူး။
1kΩ, 10KΩ, စသည်ဖြင့်ပေါ့လေ။
Variable
Resistor
Variable Resistor ဆိုတာကတော့
resistor တန်ဖိုးကို ကျွန်တော်တို့စိတ်ကြိုက်ပြောင်းလို့ရပါတယ်။
ဒါပေမယ့် စက်ရုံက ဘယ်လောက်ကနေ
ဘယ်လောက်အတွင်းဆိုတဲ့ထဲမှာပဲ ပြောင်းလဲလို့ရတာပါ။
ဥပမာ 1KΩ~10KΩ ဆိုရင် အဲဒီတန်ဖိုး
နှစ်ခု အတွင်းမှာပဲပြောင်းလို့ရတာပါ။
Fixed Resistor ကိန်းသေခုခံမှုတန်ဖိုးဆောင်သော resistor
များရဲ့ ကိုယ်ထည်တွင် အရောင်အရစ် (၄) ရောင် သို့မဟုတ် (၅) ရောင် ခွဲခြားပြီး
ယင်းတို့၏တန်ဖိုးကို သတ်မှတ်ပေးလေ့ရှိပါတယ်။
တစ်ခါတရံ ခုခံမှုတန်ဖိုး ကို resistor များ၏ကိုယ်ထည်တွင်
ဖော်ပြထားလေ့ရှိပါတယ်။
ထူးခြားချက်မှာ resistor များသည် AC ပတ်လမ်း နှင့် DC ပတ်လမ်း
နှစ်ခု စလုံးတွင် လုပ်ဆောင်ချက်မှာ အတူတူဖြစ်ကြောင်း တွေ့ရပါတယ်။
Resistor
တန်ဖိုးဖတ်နည်း
4
Band Colour Coding ( ၄ ရောင်ဖြင့် တန်ဖိုးသတ်မှတ်ခြင်း )
Carbon Resistor များ၏ resistance တန်ဖိုးသတ်မှတ်သောအခါ
အောက်ပါ ဖော်ပြထားသည့်အတိုင်း အရောင်အရစ် ၄ ရစ်ဖြင့်သတ်မှတ်ထားသည်ကိုတွေ့မြင်ရပါသည်။
5 Band Colour
Coding ( အရောင်အရစ် ၅ မျိုးဖြင့် resistance တန်ဖိုးဖတ်နည်း)
နောက်ဆုံး
Band E ( Tolerance ) အတွက်
Brown ±1%
Red ±2%
Green ±0.5%
Blue ±0.25%
Violet ± 0.1%
Resistor
ရဲ့ တပိုင်းတစ ဖြစ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
0 comments:
Post a Comment